#Local_News
Published_ 27 June 2024


▪️ မနေ့က ဇွန်လ(၂၆)ရက်တွင် ကမ္ဘာ့‌ရွှေဈေးတစ်အောင်စကို USD2325 ရှိခဲ့ရာမှ ယနေ့ဇွန်လ(၂၇)ရက်တွင် ကမ္ဘာ့‌ရွှေဈေးတစ်အောင်စကို USD2299 ပဲရှိပြီး ရွှေဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။

 

▪️ ယနေ့ကမ္ဘာ့ရွှေဈေးကျ၍  ဇွန်လ(၂၇)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေး သောင်းဂဏန်းကျသွားသည်ဟုဆိုသည်။

 

▪️ ဇွန်လ (၂၆)ရက်တွင် မြန်မာ့ရွှေဈေးYGEA သတ်မှတ်စျေးအကယ်ဒမီ မီးလင်းရွှေစျေးကွက်ဈေးနှုန်း 4,526,508/-(ကျပ် လေးဆယ့် ငါးသိန်း နှစ်သောင်း ခြောက်ထောင့် ငါးရာ့ ရှစ်ကျပ်)သတ်မှတ်ခဲ့ပြီး  ယနေ့ဇွန်လ (၂၇) ရက်၌4,479,899/-(ကျပ် လေးဆယ့် လေးသိန်း ခုနှစ်သောင်း ကိုးထောင့် ရှစ်ရာ့ ကိုးဆယ့် ကိုးကျပ်)ဖြင့်သာ ရွှေဆိုင်များ ရွှေလုပ်ငန်းရှင်များအားလုံးရောင်းဝယ်ကြရန် သတ်မှတ်လိုက်ကြောင်း သိရသည်။

 

▪️ လက်ရှိအချိန်တွင် ရွှေဈေးကွက်အတွင်း၌ YGEA သတ်မှတ်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြသူများရှိသလို ပြင်ပဈေးနှင့်ရောင်းဝယ်နေကြသူများလည်းရှိကြောင်း သိရသည်။

 

#tthl #Yangon_Times