#Local_News
Published 27 June 2024


▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကမာကြည်တံတား အမှတ်(၁) ပေါ်မှ အမျိုးသားတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမူကူညီရေးအဖွဲ့ထံမှ သိရသည်။

 

▪️ အဆိုပါ အမျိုးသားမှာ ဇွန်လ ၂၇ရက် မနက်၁ နာရီ ခန့် က တံတားပေါ်သို့ ကားဖြင့်မောင်းနှင်လာပြီး ကားကိုရပ်ကာ တံတားပေါ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ တံတားပေါ်မှ ခုန်ချသွားကြောင်း သတင်းရရှိသည်နှင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီ ထွက်ခွာပြီး မီးစလိုက်အကူပေးခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

▪️ လက်ရှိမှာ တံတားပေါ်မှခုန်ချခဲ့သည့် အမျိုးသား၏ မိသားစုဝင်များနှင့်ချိတ်ဆက်မိပြီဖြစ်သော်လည်း ယင်းအမျိုးသားကိုတော့ ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

 

#YMG/LW #Yangon_Times