#Local_News
Published 27 June 2024

▪️ တစ်နိုင်ငံလုံး၌ ယခု၂၀၂၄ ခုနှစ်အတွင်း မိုးနှင့်ဆောင်းစိုက်ရာသီများအတွက် ဆီထွက်သီးနှံ စုစုပေါင်း ဧက ရှစ်သန်းကျော်  စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

▪️ ထိုသို့စိုက်ပျိုးရာတွင် မြေပဲဧက ၃ သန်းကျော်၊ နှမ်းဧက ၃ ဒသမ ၈ သန်း၊ နေကြာဧက ၁ သန်းကျော်၊ ဆီမုန်ညင်းဧက ၉၃,၀၀၀ နှင့် ပန်းနှမ်းဧက ၃ သိန်း ဝန်းကျင်၊ စုစုပေါင်း ဧက ၈ ဒသမ ၂ သန်းကျော်ကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် နွေသီးနှံစိုက်ပျိုးရာသီ၌  နွေနှမ်းဧက ၃၆၀,၀၀၀ ခန့် စိုက်ပျိုးရန်လျာထားကြောင်း၊ ပြည်တွင်း၌ ဆီထွက်သီးနှံများကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်  အများဆုံးစိုက်ပျိုးလျက်ရှိကာ စားသုံးဆီဖူလုံရေးအတွက် စီမံကိန်းများချမှတ်၍ တိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times