#Local_News
Published 27 June 2024

▪️ လူမှုဖူလုံရေးကတ်ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရာတွင် ပေးဆောင်ရမည့်ဒဏ်ကြေးများအား တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း လူမူဖူလုံရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

 

▪️ ယခင်က လူမှုဖူလုံရေးကတ်ပျောက်ဆုံး/ပျက်စီး ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးအနေဖြင့်  ၅၀၀၀ ကျပ်သာ ပေးဆောင်ရပြီး လာမည့် (ဇူလိုင် ၁ ရက်) မှစတင်ကာ ပထမအကြိမ် လျှောက်ထားပါက ဒဏ်ကြေးသုံးသောင်းကျပ်၊ ဒုတိယအကြိမ်တွင် ဒဏ်ကြေးငါးသောင်းကျပ်နှင့် တတိယအကြိမ်နှင့် အထက်လျှောက်ထားပါက တစ်သိန်းကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် ကတ်ပျောက်လျှောက်ထားသည့်ကာလအတွင်း ဆေးကုသမှုခံယူနိုင်ရန် ကတ်ပျောက်လျှောက်ထားကြောင်း ဆေးကုသခွင့်ထောက်ခံစာထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

▪️ တစ်နိုင်ငံလုံးတွင် လူမှုဖူလုံရေးအကျုံးဝင်လုပ်သားတစ်သန်းကျော်ရှိပြီး အများစုမှာ စက်ရုံ၊ အလုပ်ရုံများမှအလုပ်သမားများဖြစ်ကာ ယင်းအလုပ်သမားများအနေဖြင့် လစဉ်လစာ၏နှစ်ရာခိုင်နှုန်းကိုပေးသွင်းကြရကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times