၂၆ ဇွန် ၂၀၂၄

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စောလျင်စွာပြန်သွားဖို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက မြန်မာ နစကအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ မြန်မာနိုင်ငံသို့အပြန်ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ခရီး    တစ်ထောက်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေးရှန်ကာနှင့်တွေ့ဆုံခဲ့တာဖြစ်တယ်လို့  အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ဆိုရှယ်မီဒီယာ အိတ်စ် အကောင့်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနှင့် အိန္ဒိယနယ်စပ်မှာ  မတည်ငြိမ်မှုတွေကိုလည်း သူက မြန်မာဝန်ကြီးဦးသန်းဆွေကို ဆွေးနွေးခဲ့တယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံဟာ အဲဒီကိစ္စတွေအတွက် အဖွဲ့အသီးသီးနှင့်ထိတွေ့ဆက်ဆံဖို့လမ်းဖွင့်ထားပါတယ်လို့လည်း ဆိုပါ တယ်။

အထူးသဖြင့် အဓိကစိန်ခေါ်မှုတွေဟာ တရားမဝင်မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်မှောင်ခိုတွေနှင့် လူကုန်ကူး မှုတွေဖြစ်ပြီး မြဝတီမှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံသို့ စောလျင်စွာပြန်ပို့ပေးရေးတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လုပ်လက်စစီမံကိန်းတွေကိုလည်း ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးဆိုင်ရာ အကာအကွယ်တွေပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်စောလျင်စွာပြန်ရောက်ဖို့နှင့် အိန္ဒိယအနေနှင့်လည်း မည်သည့်ပုံစံနှင့် ဖြစ်စေ ကူညီဖို့အဆင်သင့်ရှိတယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့တယ်လို့သိရပါတယ်။

@ymg/knl