#Local_News
Published 26 June 2024

▪️ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုင်စင်မရှိဘဲဆိပ်ကမ်းနှင့် လေဆိပ်များသို့ဝင်ရောက်နေသည့် ကုမ္ပဏီများအား လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ကုန်သွယ်ရေးဦးစီးဌာနမှဇူလိုင်၂၆ရက်‌ နေ့၌ ထပ်မံအသိပေးလိုက်ကြောင်း သိရသည်။

 

▪️ ဇူလိုင်၁ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရှိ သေးဘဲဆိပ်ကမ်းလေဆိပ်များသို့ သွင်းကုန်များကြိုတင်ရောက်ရှိကြောင်းစီစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း၂၀၂၄ခုနှစ်  မေ၃၀ရက်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

▪️ ထို့ကြောင့် ထုတ်ပြန်ထားသောဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထားလိုက်နာရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်ပါမစ် ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့်လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် ထပ်မံအသိ‌ပေးတိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times