၂၆ ဇွန် ၂၀၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ လက်‌ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ကရစ်တင်ဘရစ်သည် မြန်မာ့တပ်မတော်၊ ရေတပ်အကြီးတန်းအရာရှိကြီး တစ်ဦးနှင့် ပြီးခဲ့တဲ့အပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တော်တွင်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ The Diplomat သတင်းဌာနက သတင်းဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနှင့်ပစိဖတ်ရေးရာတာဝန်ယူရတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီ ယယ်ကရင်တင်ဘရစ်သည် မြန်မာ့တပ်မတော်(ရေ)ရဲ့ တိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်လင်းဇော်နှင့်တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ တွေ့ဆုံမှုကိုသိသူတစ်ဦးက The Diplomat သတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။

ကရစ်တင်ဘရစ်သည် ရုရှားသမ္မတပူတင် ဗီယက်နမ်ခရီးပြီးဆုံးပြီးသိပ်မကြာ ဇွန် ၂၁ရက်နေ့မှာ ဟနွိုင်းမြို့တော်သို့ တရားဝင် ခရီးလာရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာ တပ်မတော်(ရေ) မှ ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် တွေ့ဆုံရာသို့ ကရစ်တင်ဘရစ်နှင့်အတူ အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး ပီတာ လိုမန်နှင့် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ ဆူဆန်စတီဗင်ဆန်တို့ လည်းတက်ရောက်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဟနွိုင်းမှာရှိတဲ့အမေရိကန်သံရုံးကတော့ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်ပြီး သတင်းဌာနရဲ့မေးမြန်းချက်ကို ဘာမှပြန်မပြောဘူး လို့သိရပါတယ်။

ကရစ်တန်ဘရစ်နှင့် ဗိုလ်မှူးချုပ်ကျော်လင်းဇော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အဖြေရလဒ်တစ်ခုမထွက်ပေါ်ခဲ့ပေမယ့် သူတို့ကပြော ဆိုဆက်သွယ်မှုတွေ တိုးတက်ဖြစ်ထွန်းစေဖို့ ရည်ရွယ်ကာ မကြာမီ‌ နောက်တစ်ကြိမ်ပြန်တွေလိမ့်ဦးမယ်လို့ The Diplomat သတင်းဌာနကို အဆိုပါသတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားပါတယ်။

အမေရိကန်နိုင်ငံဟာ ပဋိပက္ခတည်ငြိမ်သွားပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ကာ မြန်မာစစ်တပ်နှင့် ဆွေးနွေးဖို့လမ်းကြောင်း တွေဖွင့်ဖို့ကြိုးစားနေတယ်လို့လည်း The Diplomat ကသတင်းရေးသားပါတယ်။

“ ဒါပေမယ့် စစ်တပ်အထဲမှာ သိသာတဲ့ မတူညီမှုတွေကျန်ရှိနေသေးတယ်။ လိုအပ်ချက်တွေကို အပြည့်အဝလိုက်နာဖို့ထက် အစိတ်အပိုင်းတစ်ခုခုကိုသာ လက်ခံလိုတဲ့သဘောရှိနေတယ်” လို့ အဆိုပါအရင်းအမြစ်ကဆက်ပြောပါတယ်။

ကရစ်တန်ဘရစ်ရဲ့ တွေ့ဆုံမှုဟာ ဒေသအတွင်းလျို့ဝှက်လုပ်တာမဟုတ်ဘူးလို့လည်း အဲဒီသတင်းအရင်းအမြစ်ကပြော ပါတယ်။ ဗီယက်နမ်၊ စင်္ကာပူ၊အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့အပါအဝင်ဒေသတွင်းနိုင်ငံတွေကို အသိပေးပြီးတွေ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံသဘောတူညီချက်ငါးရပ်နှင့်အတူ အမေရိကန်ရဲ့ ပိုမို တက်ကြွစွာပါဝင်မှုကို ကြိုဆိုလိုကြပုံရတယ်လို့ သတင်းမှာရေးသားပါတယ်။ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံရဲ့ သဘောတူညီမှုပါ ရရှိခဲ့တယ်လို့ မြန်မာကိုအာရုံစိုက်အလုပ်လုပ်နေတဲ့ သတင်းဆရာတစ်ဦးကပြောပါတယ်။

( မူရင်း သတင်းတွင် ဗိုလ်မှူးချုပ် ကျော်လင်းဇော်၏ တပ်မတော်ရာထူးကိုဖော်ပြမထားပါ။ မြန်မာနိုင်ငံ၏ သတင်းများတွင် သူနှင့် ပတ်သက်၍ နောက်ဆုံးသတင်းထုတ်ပြန်ချက်များ၌ သူသည် ရေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးခ   ျုပ်ကျော်လင်းဇော် ဟု ဖော်ပြထားမှုကိုကိုးကားအသုံးပြုပါသည်။ အယ်ဒီတာ)

Source The Diplomats