#Local_News
Published 26 June 2024


▪️ ပဲခူးမြို့နယ်၊ မယင်းကျေးရွာ အဝင်လမ်းတွင်ဇွန် ၂၅ ညပိုင်းက ခွေးဘီလူးယာဉ်တစ်စီးအရှိန်ပြင်းစွာ မောင်းနှင်၍ ချိုးကွေခဲ့ရာမှ ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူ အမျိုးသမီးတစ်ဦးလွင့်စင်ပြုတ်ကျပြီး အခင်းဖြစ်ရပ်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေထံက သိရသည်။

 

▪️ ယမန့်နေ့ညပိုင်းက ဘုရားကြီးမြို့ဘက်မှ ပဲခူးမြို့ဘက်သို့ ကြံတိုင်းအောင် (ဘုရားကြီး-အင်းတကော်)ယာဉ်လိုင်း) BGO-11 9F/5511 MAZADA SCRUM အမျိုးအစား၊ အဖြူရောင်ယာဉ်အား ယာဥ်မောင်း ရဲရင့်ဖြိုးမောင်းနှင်လာပြီး ယာဉ်ရှေ့ခန်းတွင်အောင်မျိုးဝေ၊ ယာဉ်နောက်ခန်းတွင် ဇော်မင်းနိုင်၊ ဒေါ်နွေးနွေးလင်း (၃၀)နှစ်၊ တို့လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

 

▪️ ထိုသို့စီးနင်းလာစဉ် ယာဉ်မှာအရှိန်ပြင်းစွာ မောင်းနှင်၍ ချိုးကွေခဲ့ရာမှယာဉ်နောက်ခင်းတွင် စီးနင်းလာသူဒေါ်နွေးနွေးလင်းမှာ လွင့်စင်ပြုတ်ကျခဲ့ပြီး အခင်းဖြစ်ရပ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

▪️ သေဆုံးသူမှာလ/ထ(မူပြ)အလက(ခွဲ) ကင်းချောင်း၊ ပေပင်ချောင်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးဖြစ်ကာ ပဲခူးမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times