#Local_News
Published_ 26 June 2024

▪️ လှိုင်မြစ်ကျော်ပြီး ဓာတ်အားလိုင်းသွယ်တန်းမည်ဖြစ်ပြီး ဓာတ်အားလိုင်းသွယ်တန်းနေချိန်၌ လုပ်ငန်း ခွင်၏ အထက်နှင့်အောက်ဘက်ရှိ လှိုင်မြစ်အတွင်းရေလမ်းကြောင်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ မြစ်ကျော်ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဇွန် ၂၅ ရက်မှ ဇူလိုင် ၄ ရက်အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။

 

▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာရုံးသည် ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ လှိုင်မြစ်ကျော် ဓာတ်အားလိုင်းသွယ်တန်းခြင်းကို ဝါးတရာကျေးရွာအထက်တွင် ဆောင်ရွက်မည်ဖြစ်သည်။ 

 

▪️ မြစ်ကျော်ဓာတ်အားလိုင်း သွယ်တန်းနေစဉ် ရေကြောင်းအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ လှိုင်မြစ်အတွင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ရေယာဉ်များဖြင့်စောင့်ဆိုင်း၍ ရေလမ်းကြောင်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊

 

▪️ လုပ်ငန်းခွင်တည်ရှိရာရေလမ်းကို ဖြတ်သန်းမည့်ရေယာဉ်များသည် လုပ်ငန်းခွင်နှင့် လွတ်ကင်းရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

#tthl #Yangon_Times