#Local_News
Published_ 26 June 2024

▪️ ယခုဇွန်လ(၂၃)ရက်အထိ မှတ်ပုံတင်ထားသော ဆန်၊ စပါးသိုလှောင်ရုံ(၇၂၆)လုံးရှိပြီဖြစ်ပြီး ဆန်တန်ချိန်(၅၀)၊ စပါးတင်း(၅၀၀၀)နှင့် အထက်ရှိသော သိုလှောင်ရုံထပ်မံမှတ်ပုံတင်ကြရန်တိုက်တွန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

▪️ မှတ်ပုံတင်ထားသော ဆန်၊ စပါးသိုလှောင်ရုံ(၇၂၆)လုံးတွင် ကုမ္ပဏီသိုလှောင်ရုံ(၂၁၃)လုံးနှင့် တစ်ဦးချင်းသိုလှောင်ရုံ(၅၁၃)လုံးပါဝင်သည်ဟု ဆိုသည်။

 

▪️ ပြည်တွင်းဆန်ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊‌ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သိုလှောင်မှုအခြေအနေကိုစနစ်တကျစာရင်းပြုစု မှတ်တမ်းတင်နိုင်ရေး၊သိုလှောင်ရုံအပ်လက်မှတ်ကို အခြေပြုပြီး ငွေကြေးထောက်ပံ့ရေးစနစ် ဖော်ဆောင်နိုင်ရေးအတွက် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် Myanmar Rice Online(MyRo) www.myro. com.mm၌ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၃)ရက်မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရန်အသိပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times