#Local_News
Published_ 24 June 2024

▪️ ယခုတစ်ပတ်တွင် စားအုန်းဆီရည်ညွှန်းဈေးတစ်ပိဿာကျပ် ၅၄၀၀ဖြင့်‌ ရောင်းချရန်သတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်အပတ်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၇၀ကျပ်သတ်မှတ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၃၀ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ဟုဆိုသည်။

 

▪️ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ  စားအုန်းဆီဈေးနှုန်းများကို အပတ်စဉ်သတ်မှတ်ပေးခြင်းဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

 

▪️ လက်လီရောင်းချသူများအနေဖြင့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၄၀၀ ကျပ်ကို သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်(၂)ရာခိုင်နှုန်းတင်ပြီး ရောင်းချရန်  သတ်မှတ်ထားကြောင်း သိရသည်။

 

#tthl #Yangon_Times