Published 17 June 2024

ကရင်ပြည်နယ်တွင် ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံ ဧက ၁,၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

ကော်ဖီသီးနှံသည်  တန်ဖိုးမြင့်သီးနှံဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံး ကုန်စည် စာရင်းတွင် ပါဝင်‌ သော ကြောင့် ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁,၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း  ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်တွင် ဘားအံမြို့နယ်၊ အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ ပြုလုပ်သည့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည် ။

လတ်တလောတွင် ကရင်ပြည်နယ်၌  ကော်ဖီသီးနှံစိုက်ဧက ၁၀,၀၂၉ ဧကစိုက်ပျိုးထားရှိပြီး ကော်ဖီစေ့တန်ချိန် ၂၁,၂၂၉ ဒသမ ၆ တန်ခန့် ထွက်ရှိလျက်ရှိရာ သံတောင်ကြီးဒေသတွင် မြေနိမ့်ကော်ဖီ(ရိုဘက်စတာ)ကို အများအပြား စိုက်ပျိုးထား ကြောင်း သိရသည် ။

အဆိုပါကဲ့သို့ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့်  ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးလာနိုင်မှသာ ထုတ်ကုန် အများအပြားထုတ်လုပ်လာနိုင်ပြီး ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group