၁၅ ဇွန် ၂၀၂၄

လာမည့် ၂၀၂၅နှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားပါတယ်။

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်အတွင်ငးရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖ များအား  ယနေ့ ဇွန်လ ၁၅ ရက်မနက်က မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးက ယင်းကိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ လာမည့် အောက်တိုဘာလအတွင်း လူဦးရေးနှင့်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်အတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း” ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက်ကို နစက သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

နိုင်ငံရေးကိုအကြောင်းပြုပြီး မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းများကိုဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်   မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း၊အဲဒါကြောင့်မိတ္ထီလာဒေသရှိ ပြည်သူများအနေဖြင့် မိမိတို့တွင် ရှိပြီးသား   ဖြစ်သည့်အခြေခံကောင်းများကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒေသတစ်ခုတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သည့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုသည်သာလျင် အဓိကကျတယ်လို့လည်းဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် မိတ္ထီလာခရိုင်၏ ဒေသဖွံ့ဖြိုတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပညာရေးကဏ္ဍများတွင် ဆောင်ရွက်ရန်ကိစ္စတွေကို အသေးစိတ်မှာကြားခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ မိတ္ထီလာခရိုင်အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် ဒေသထုတ်လုပ်ငန်းတွေကိုလည်း ဆက်လက်ကြည့်ရှုအားပေးခဲ့ရာ ဦးမြဟန် ဆိတ်နှင့်သိုးမွေးမြူရေးလုပ်ငန်း၊Garden Familyဆိတ်မွေးမြူရေး  လုပ်ငန်း၊  ကောင်းထက်စံနို့စားနွားမွေးမြူရေလုပ်ငန်း၊Leader of Textile Public Company နှင့်ကိန္နရီ ချည်ချော  လုံချည် ထုတ်လုပ်ရေးလုပ်ငန်းစုတို့မှ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်  ရွက်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် နစကအဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများနှင့် အခြားတာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့ သို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

@knl/ymg