Published 15 June 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၄/၇)နှင့်(၃၃၅/၀)ကြားတွင် Hino အမျိုးအစား(အဖြူရောင်)ယာဉ်နှင့်Scania အမျိုးအစား(အနီရောင်) ခရီးသယ်ယာဉ် တို့တိုက်မိသဖြင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။

ဇွန်လ ၁၅ရက် မနက် ၄နာရီ ၄၅မိနစ် ခန့်က Hino အမျိုးအစား(အဖြူရောင်) ခရီးသယ်ယာဉ်အား လားရာတူ မောင်းနှင်းလာသော Scania အမျိုးအစား(အနီရောင်) ခရီးသယ်ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Hino အမျိုးအစား(အဖြူရောင်) ခရီးသယ်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) နှင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ရာသို့ စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဒဏ်ရာရရှိသူ များ ကို သူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group