Published 15 June 2024

ရန်ကုန်မြို့​ ဒဂုံမြို့နယ်ပြည်လမ်းမပေါ် ပြည်သူ့ရင်ပြင်အရှေ့ တွင် YBS၊TAXIနှင့် အိမ်စီးကားတစ်စီးစုစုပေါင်းယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၄ရက် ည ၈နာရီ ခွဲ ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာခရီးသည်များ၊ယာဉ်မောင်းများလူထိခိုက်မှုမရှိခဲ့ဘဲ ကားလမ်းပိတ်ဆို့မူအနည်းငယ်သာဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှအရေးပေါ်လူနာတင်ယာဉ်(04)တစ်စီးထွက်ခွါ၍ကူညီခဲ့ကာ ယာဉ်တိုက်မှုဖြစ်စဉ်နေရာတွင်ခရီးသည်များ၊ယာဉ်မောင်းများနှင့်လူများထိခိုက်မှုမရှိသဖြင့် ကားလမ်းရှင်းပေးခြင်းနှင့်လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 15 June 2024
#YMG #Yangon_Times #Yangon_Media_Group