Published 14 June 2024

၂၀၂၄ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန် ၂၂ ရက်၊ နံနက် ၁၀ နာရီကစတင်၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ယခုပြိုင်ပွဲတွင် အမျိုးသား ကာယဗလမောင်ပြိုင်ပွဲ၊ အငယ်တန်း ကာယဗလမောင်ပြိုင်ပွဲ၊ အကြီးတန်း ကာယဗလမောင်ပြိုင်ပွဲ (အသက် ၄၅ နှစ်မှ အသက် ၆၀ နှစ်အထိ)၊ အလွတ် တန်း ကာယဗလမောင်ပြိုင်ပွဲ (ဆုရရှိ ပြီးသူများသာ)၊ အမျိုးသားကာယဗလ ပြိုင်ပွဲ (၇၀ ကီလိုအထိ)၊ အမျိုးသား ကာယဗလပြိုင်ပွဲ (၇၀ ကီလိုအထက်)၊ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲ (Men's Athletic Physique) အငယ်တန်း ပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူ များသာ)၊ Men's Sport Physique အငယ်တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)၊ Men's Fitness Physique (Open) အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲတွင် Women's Model Physique အငယ်တန်းပြိုင်ပွဲ၊ အကြီး တန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)၊ Women's Athletic Physique အငယ် တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိ ပြီးသူများသာ)၊ Women's Fitness Physique ပြိုင်ပွဲ (Open) အလွတ်တန်း နှင့်အကြီးတန်းပြိုင်ပွဲများအတွက် ဆုရရှိ ပြီးသူများတွင် ပြည်နယ်နှင့် တိုင်း ဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ပထမ ဆုရရှိပြီးသူများနှင့် နိုင်ငံတကာပြိုင်ပွဲ များတွင် ဆုရရှိပြီးသူများအားလုံး ယှဉ်ပြိင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group