Published- 14 June 2024

အာဇာနည်နေ့ ကျင်းပရန်အာဇာနည်ဗိမာန်နှင့်  ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဗဟန်းမြို့နယ်၊ အာဇာနည် ဗိမာန်နှင့် ဗိုလ်ချုပ်ပြတိုက်အားကြိုတင် ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အာဇာနည် ပုဂ္ဂိုလ်ကြီးများကို လာရောက်ဂါရဝပြုကြမည့် ပြည်သူများ ဝင်ထွက် သွားလာမည့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်နှင့် M-3 ရှေ့ ဂိတ်တွင် ပြင်ဆင်နေမှုများနှင့် အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည် ကုန်းအတွင်းရှိ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး ပြင်ဆင် ဆောင်ရွက်နေကြောင်းသိရသည်။

ထို့အပြင်  အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်နေမှု၊ မိသားစုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲ တွေ့ဆုံမည့်နေရာ ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိရေး ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။

၎င်းအပြင်  ဗဟန်း မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ် နောက်ဆုံးစီးခဲ့သည့် မော်တော်ကားပြသထားရှိမှု၊ ပြတိုက်ပတ်လမ်း တစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိရေးဆောင်ရွက်နေမှုများ၊ အပေါ်ထပ် ပြတိုက်အတွင်း ငယ်ဘဝမှ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံ့ ခေါင်းဆောင်ဘဝအထိ ပြသထားရှိမှု၊ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစု အမှတ်တရဓာတ်ပုံများ၊ ကလေးများ အိပ်ခန်းနှင့် ပြတိုက်အတွင်း ပြသထားရှိမှုများကို  ပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group