Published-14 June 2024

ယခု ဘဏ္ဍာနှစ်စဖြစ်သည့် နှစ်လဝာာအတွင်းပြည်ပနိုင်ငံများ သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း၅၀ကျော်ရရှိထားပြီး ပြီးခဲ့သည့်နှစ်ကာလတူကထက် ပိုမိုရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

ပြည်ပသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာ ကာလအတွင်း  ငါးမျိုးစုံ မက်ထရစ်တန်ချိန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကာ ကန်ဒေါ်လာ၅၁သန်းကျော်ရရှိထား ခြင်းကြောင်းသိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးမျိုးစုံတင်ပို့ရာတွင် မက်ထရစ်တန်ချိန် ၁၉၅,၉၃ ဒသမ ၇၃ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၉၄၆ သန်းရရှိခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဧပြီနှင့်မေလအတွင်းပြည်ပနိုင်ငံများသို့‌ ရေထွက်ကုန်များတင်ပို့ရာတွင် ပင်လယ် ရေ ကြောင်း ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၃,၆၈၇ ဒသမ ၁၄၉ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၅ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ် တန်ချိန် ၂၄,ဝ၃၂ ဒသမ ၃၇၄ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၅၁ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်း မက်ထရစ်တန်ချိန် ၄၇,၇၁၉ ဒသမ ၅၂၃ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆ဝ၁ သန်းရရှိခဲ့ ကြောင်းသိရသည် ။

  မြန်မာနိုင်ငံမှ ငါး/ပုစွန်အပါအဝင် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄ဝ ကျော်သို့ တင်ပို့
နေခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group