Published-14 June 2024

  တရုတ်နိုင်ငံမှထုတ်လုပ်ထားသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များရန်ကုန်ဆိပ်ကမ်းသို့ယမန်‌ နေ့ကရောက်ရှိခဲ့ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့စီးပွား‌ ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Wuling Bingo အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့တင်သွင်းရာတွင်  တရုတ်နိုင်ငံထုတ် Leapmotor T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Midmay Group Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များဖြစ်ကြောင်းသိရသည်။

အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ သောကြောင့် ဇွန်  ၁၃ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူ ခွင့်ပြုခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 14 June 2024
#YMG #Yangon_Times #Yangon_Media_Group