Published-13 June 2024

ယခု၂၀၂၄ ခုနှစ် ငါးလတာ အတွင်း ပြည်ပခရီးသွားတစ်သိန်းကျော် ဝင်ရောက်ထားပြီး တရုတ်နှင့်
ထိုင်းနိုင်ငံများမှ အများဆုံးလာရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ  သိရသည် ။

အဆိုပါ ခရီးသွားဧည့်သည်များသည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး  နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုအနေဖြင့်  Business Visa၊ Tourist Visa များနှင့်  ဝင်ရောက်မှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ် အလားတူကာလနှင့်  နှိုင်းယှဉ်ပါက ခရီးသည်တစ်ထောင်နီးပါး ပိုမိုဝင်ရောက်ခဲ့ပြီး ယခုနှစ်အတွင်းလာရောက်လည်ပတ်ကြသူများသည် ကမ်းခြေဒေသများကို သွားရောက်လည်ပတ်မှုနည်းပါးပြီး ရန်ကုန်မြို့တွင်း ခရီးစဉ်၊ ပဲခူးမြို့ ခရီးစဉ်၊ ပုဂံခရီးစဉ်များကို သွားရောက်လည်ပတ်မှုများပြားခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group