Publicshed 13 June 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ (၅)လတာ ကာလအတွင်းဖြစ်ပွားသူ ၃၇၀ကျော်ရှိပြီးတစ်ဦး ‌ေ-သဆုံး ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ထိုသို့ဖြစ်ပွားရာတွင် ရန်ကုန်တိုင်းတွင် ငါးလတာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ (၃၇၇) ဦး ရှိပြီး ‌ေ-သဆုံးသူ(၁)ဦး ရှိကြောင်း၊ အဆိုပါသွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၇၇) ဦးတွင် မွေးကင်းစမှအသက်(၁)နှစ်အထိ (၃၅)ဦး၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ (၈၃) ဦး၊ အသက်(၅)နှစ်မှ (၉)နှစ်အထိ (၁၅၂)ဦး၊ အသက် (၁၀)နှစ်မှ(၁၄)နှစ်အထိ (၇၆)ဦး၊ အသက်(၁၅)နှစ်အထက် (၃၅)ဦး ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့အပြင်  သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုများတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည်ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မရမ်းကုန်းမြို့နယ်သည် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အလိုက် အိမ်ရာဝင်းများအပြင်စာသင်ကျောင်းများကိုပါ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

သွေး လွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းစဉ်တွင်ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပိုးလောက်လန်းနှိမ်နှင်းခြင်း၊ ခြင်နှိမ်နှင်းခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ခြင်ဆေးမှုတ်ခြင်းအပြင် အခြားကာကွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် မှာကြားလိုအပ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group