Published_ 12 Jun 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် တာချီလိတ် မြို့နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ် အဖက် တမင်း) ၅ဝဝ ကီလို နှင့် ကက်တမင်း ၂ဝဝ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီ လိတ် သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ရာမှ အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ကို ရပ်တန့်ခိုင်ရာတွင် မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူ ကျေးရွာ လမ်းဆုံအနီးရှိ လမ်းဘေး ရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ မျိုးကို(ခ) မျိုးကြီး အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ရဲကြီး မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလို၊ ကက်တမင်း ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့ေ ကြာင်းသိရသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါ ဝင်သူ ယာဉ်ပိုင်ရှင်မှာ ထက်ကြည်စိုး ဆိုသူ ဖြစ်သောကြောင်း ၎င်းအား ဇွန်လ ၉ ရက်နံနက် ၁ နာရီအချိန် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ ၎င်း၏ နေအိမ်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၃င်း သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့ သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော်ယာဉ်ကို ကျိုင်းတုံမြို့နယ်၊ ယန်းလော ကျေးရွာကား ကြီးကွင်းရှေ့၌ ကွန်ဟိန်းမြို့နယ်သို့ ဆက်လက်မပို့ဆောင်မီ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group