Publiushed_ 13 June 2024

  အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များ ကျခံပြီးနောက်   Imphal အကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူ ၃၈ ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

  အိန္ဒိယနိုင်ငံ၌ ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ စုစုပေါင်း (၇၇) ဦးအနက် ကျန်ရှိနေသည့် မြန်မာနိုင်ငံသား(၃၈)ဦးအား ဒုတိယအသုတ် အဖြစ် ဇွန် ၁၁ ရက်တွင် မဏိပူပြည်နယ်မှ မိုရေးမြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး တမူးမြို့၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

  အဆိုပါလုပ်ငန်းစဉ်များကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးက အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနမှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Yangon_Media_Group
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group