Published-12 June 2024

ပြောင်း ဈေး နှုန်းများ ဆက်တိုက်မြင့်တက်လာကြောင်း ပြောင်းစိုက်ပျိုး‌ ရောင်းချသူများထံမှ သိရသည်။

ထိုသို့မြင့်တက်ရာတွင် စားပြောင်း တစ်ဖူးလျှင် ကျပ် ၈၀၀မှ ၁၀၀၀ခန့်အထိ နှင့် ပြောင်းဆံ တစ်ပိသာလျှင် ကျပ် ၁၄၀၀ အထိဈေးနှုန်းရရှိနေကြောင်းသိရသည်။

ဖူးစားပြောင်းကိုပြည်တွင်း၌ အဓိကသုံးစွဲကြပြီး တိရစ္ဆာန်အစာအဖြစ်‌ ရောင်းချသည့် ပြောင်းဆံ ကိုမူပြည်တွင်းအပြင်  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလေ့ရှိကြောင်းသိရသည်။

" ဖူးစားပြောင်းလဲဈေးကောင်းတယ် ၊ ပြောင်းဆံလည်းကောင်းတယ်ပေါ့ ၊အဓိက ဈေးကွက်ကောင်းတာရယ် ၊အထွက်နည်းတ့ာရယ်၊သယ်ယူပို့ဆောင်စရိတ်မြင့်တက်တာရယ်ကြောင့်ပါ " ဟု ပြောင်းစိုက်ပျိုးသူတစ်ဦး ကပြောသည်။

လက်ရှိတွင်  ပြောင်းဆံကို  အိန္ဒိယ၊ ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်များသို့  အဓိကတင်ပို့နေပြီး  ထိုင်းနိုင်ငံသို့အဓိက တင်ပို့နေကြောင်း သိရသည် ။

ပြည်ပ နိုင်ငံများသို့  ပြောင်းဆံ တင်ပို့ရာမှာ နယ်စပ်လမ်းကြောင်းမှအနည်းငယ် နှင့်  ပင်လယ်ရေကြောင်းမှ  အဓိကတင်ပို့နေကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group