Published_12 June 2024

ယခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် နှစ်လတာအတွင်း ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသန်း၉၀ကျော် အထိကုန်သွယ်ထား ကြောင်းစီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ကုန်သွယ်ထားရာတွင် ၂၀၂၄ခုနှစ်ဧပြီလ ၁ရက်မှ မေလ၃၁ရက်နေ့အထိ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၇၂ဒဿမ၉၇၂သန်း ၊သွင်းကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၉ဒဿမ၈၂၄သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ ၉၂ဒဿမ ၇၉၆သန်း ကုန်သွယ်ထားကြောင်းသိရသည်။

ထို့အပြင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ (၃) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၃၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၀၂၄) ဒေါ်လာသန်း၊ စုစုပေါင်း (၃.၃၄၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၆၆.၉၃၀%) ဆောင်ရွက်နိုင်ခဲ့ ကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လ (၃) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲမျိုးစုံ၊ ငရုတ်ခြောက်၊ သရက်ပြားခြောက်၊ မန်ကျည်းသီး(အစေ့ပါ)၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီစေ့၊ ကြက်သွန်နီနှင့် အလူမီနီယံဖြတ်စတို့ တင်ပို့နိုင်ခဲ့‌ပြီးသွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများ၊ စက်သုံးဆီများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့‌ ကြောင်းသိရသည်။

ထို့အပြင် ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄  ခုနှစ်၊ ဇွန်လ (၂) ရက်မှ (၃) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၅၂၅) တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၄၆.၃)တန်၊ တန်ဖိုး (၀.၀၆၉) ဒေါ်လာသန်း၊ ပဲမျိုးစုံ တန်ချိန် (၅၈၉)တန်၊ တန်ဖိုး (၀.၅၀၁) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၂၄.၉) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ကြက်သွန်နီ တန်ချိန် (၂၀၇.၅) တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၁၃၆) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ တန်ချိန် (၆၆.၈၇) တန်၊ တန်ဖိုး (၀.၁၂၀) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၅.၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်း၊ အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ် အထည်များနှင့် စက်သုံးဆီတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၆၁.၂၅၀) တန်၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၀၃.၀၀၀) တန်၊ တန်ဖိုး (၀.၃၁၃) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၁၀.၃၂၀) တန်၊ တန်ဖိုး (၀.၁၇၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့‌ ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group