Published_12 June 2024

ရွှေတိဂုံစေတီတော်မြတ်ကြီးဖူးမြော်ခွင့်ကို ယခင်က မနက်(၅)နာရီမှည(၉)နာရီ အထိ သတ်မှတ်ထားရာမှ ဇွန်လ၂၁ရက်မှစတင်ပြီး မနက်(၄)နာရီမှည(၁၀)နာရီအထိ ဖူးမြော်ခွင့်တိုးမြှင့်ပေးလိုက်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှသိရသည်။

မနက်အစောကြီးအာရုဏ်တက်ချိန် ၄နာရီကစလို့ ရွှေတိဂုံဘုရားဖူးမြော်နိုင်မှာဖြစ်၍ အဓိဌာန်ဝင်မည့်သူများ၊ အာရုဏ်ဆွမ်းဆက်ကပ်လှူမည့်သူများပိုမိုအဆင်ပြေစေသလို ညပိုင်း(၁၀)နာရီအထိ ဖူးမြော်ခွင့်ရသည့် အတွက် ရုံးဆင်းချိန် ရုံးသမား၊အလုပ်သမားများ ညပိုင်းဘုရားဖူးသွားရောက်ရာတွင်ပိုမိုအဆင်ပြေစေမည်ဖြစ်သည်ဟု ဘုရားဖူးများထံမှသိရသည်။

ကိုဗစ်မတိုင်ခင်က ရွှေတိဂုံစေတီတော်ကို မနက်(၄)နာရီမှည(၁၀)နာရီအထိဖူးမြော်ခွင့်ရခဲ့သော်လည်း ကိုဗစ်ကာလမှာ မနက်(၆)နာရီမှည(၆)နာရီအထိသာဖူးမြော်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် မနက်(၅)နာရီမှ ည(၈)နာရီအထိသတ်မှတ်ခဲ့ပြီး၂၀၂၄ခုနှစ်နှစ်စတွင် မနက်(၅)နာရီမှည(၉)နာရီ အထိဘုရားဖူးချိန်တိုးမြှင့်ခဲ့ပြီး ယခုအခါ မနက်(၄)နာရီမှည(၁၀)နာရီအထိ ဖူးမြော်ခွင့်တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group