Published 12 June 2024

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မှ သိရသည်။

အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူကြောင်း မြန်မာ့မီးရထားက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

မြို့ပတ်ရထားလမ်းပိုင်းတွင် ဟံသာဝတီဘူတာအသစ်နှင့် တံတားကလေးဘူတာအသစ် တည်ဆောက်သည့် လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်းဖြစ်ပြီးတင်ဒါပုံစံများကို ဇွန် ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်သည့်လုပ်ငန်းများ ပြီးစီးသွားမည်ဆိုပါက မြန်နှုန်းမြင့် ရထားများအသုံးပြုကာ နေ့စဉ် ရထားစီးခရီးသည် ၂၄၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group