Published_12 Jun 2024
မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့ ဆေးဝါး ထုတ်လုပ်မှု ကဏ္ဍတွင် ပူးပေါင်းရန် ယနေ့ ဇွန်လ ၁၁ ရက်က နေပြည်တော်၌ ဆွေးနွေးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachige Prabashini Ponnamperuma သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ပြီးနောက် အထက်ပါအတိုင်း ဆွေးနွေး ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဆေးဝါး ထုတ်လုပ်မှု ကဏ္ဍအတွက် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စအပါအဝင် နှစ်နိုင်ငံချစ်ကြည် ရင်းနှီး မှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံမှ ရဟန်းသံဃာများနှင့် သာသနာနွယ်ဝင် သီလရှင်များ သီရိလင်္ကာ နိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှု၊ သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အား မြန်မာနိုင်ငံမှသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လျက်ရှိမှု တို့ အခြေအနေများ အပါအဝင် ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ၊အပြန်အလှန် ကုန်သွယ်မှုများမြှင့်တင် ရေး၊စိုက်ပျိုးရေး၊ ကာကွယ်ရေး တို့တွင် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group