Published_ 11 June 2024

၂၀၂၃ ခုနှစ်၊ အဘိဓမ္မာစာမေးပွဲ (ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်) တို့ကို အောင်မြင်သူ ၄၆ ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးကျောင်း (Dhammavihari Buddhist Studies) တွင် ဇွန် ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနား၌ သံအမတ်ကြီး ဦးအောင်မျိုးမြင့် က အဘိဓမ္မာစာမေးပွဲ ပထမ အဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၉) ဦး၊ ဒုတိယအဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၉) ဦးနှင့် တတိယအဆင့်ကို ဖြေဆိုအောင်မြင်သူ (၁၁) ဦး စုစုပေါင်း (၄၆) ဦးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ပြီး အဘိဓမ္မာတရားတော်နှင့် ဗုဒ္ဓဘာသာ အခြေခံ တရားတော်များကို ဦးစီးသင်ကြား ပို့ချနေသည့် ဓမ္မဝိဟာရီ ဗုဒ္ဓဘာသာ လေ့လာ သင်ကြားရေးကျောင်း၏ ဥက္ကဋ္ဌ၊ ဆရာတော် အရှင်ခေမိန္ဒ၊ အင်ဒိုနီးရှား သာသနာရေး ဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာအသိုက်အဝန်း ဆိုင်ရာညွှန်ကြားရေးမှူးချုပ် Dr. Supriyadi, M.Pd. ၊ မြန်မာသံရုံးမှဝန်ထမ်းများ၊ အဘိဓမ္မာစာမေးပွဲ ဖြေဆိုအောင်မြင်သူများနှင့် ထေရဝါဒဗုဒ္ဓဘာသာကို လေ့လာသင်ယူနေတဲ့ အင်ဒိုနီးရှား နိုင်ငံသားများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_11 June 2024
#YMG #Yangon_Times #Yangon_Media_Group