၉ ဇွန် ၂၀၂၄

မြန်မာနိုင်ငံမှာ ထိုင်းကွန်ဒိုဝယ်ယူမှုတွေအပေါ် ဖမ်းဆီးအရေးယူနေတဲ့ အတွက် ထိုင်းနိုင်ငမှာ ယခုနှစ်ဒုတိယနှင့် တတိယ လေးလပတ်ကာလတွေမှာ ကွန်ဒိုအဝယ်သိသိသာသာကျဆင်းသွားလိမ့်မယ်လို့ ထိုင်း ကွန်ဒိုမီနီယမ်အသင်းကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။

မြန်မာအစိုးရရဲ့ဖမ်းဆီးအရေးယူမှုတွေကြောင့် ဧပြီလနှင့်မေလတွေမှာ ဘတ်ငွေ တစ်ဘီလျံကျော်တန်ကွန်ဒိုတွေတွေ မြန်မာနိုင်ငံက ဝယ်လက်တွေဝယ်ကြတာ ပိတ်သွားတယ်လို့  အဲဒီအသင်းဥက္ကဋ္ဌ ပရာဆတ်တရက်ဒူလာယာဆာတစ်က ပြောပါ  တယ်။

“ ထိုင်းကွန်ဒိုတွေဝယ်ကြတဲ့ နိုင်ငံခြားဝယ်လက်တွေကြားထဲမှာ မြန်မာဟာ ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်နေတဲ့အတွက် အဲဒီနှိမ်နှင်းအရေးယူမှုတွေကြောင့် မြန်မာတွေ ဝယ်ဖို့ခက်ခဲသွားလိမ့်မယ်။ ဒုတိယနှင့်တတိယလေးလပတ်မှာ ကွန်ဒိုအရောင်း အပေါ် သိသိသာသာ အကျိုးဆက်ဖြစ်မှာ အသေအချာပဲ” လို့သူကပြောပါတယ်။

တရုတ်ရဲ့ကွန်ဒိုအဝယ်တွေကျဆင်းလာနေတဲ့အချိန်မှာ တိုးတက်လာနေတဲ့မြန်မာတွေရဲ့ ကွန်ဒိုဝယ်ယူမှု  အရေအတွက်   နှင့်တန်ဖိုးကို ကျွန်တော်တို့လျစ်လျူရှုလို့ကိုမရဘူး လို့လည်း သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒိုတွေကို ၂၀၂၂ခုနှစ်ကစတင်ဝယ်ယူလာကြတာဖြစ်ပြီး ထိပ်တန်း၁၀နိုင်ငံအပြင်ဘက် ကနေ ထိပ်တန်းငါးနိုင်ငံစာရင်းထဲ ဝင်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံအိမ်ခြေံမြေသတင်းအချက်အလက်စင်တာမှ သိရပါ တယ်။

၂၀၂၂ခုနှစ်မှာ မြန်မာဟာ ကွန်ဒိုဝယ်ယူမှု အရေအတွက်အရ အဆင့် (၆)နှင့် တန်ဖိုးအရ အဆင့်(၃)ရခဲ့ပါတယ်။ စုစုပေါင်း တန်ဖိုး ၂.၅၅ ဘီလျံဘတ်ရှိတဲ့ ကွန်ဒိုပေါင်း ၃၄၉ ခန်း ဝယ်ခဲ့ကြပါတယ်။ ၂၀၂၃မှာ မြန်မာဟာ အဆင့်(၄)ရောက်လာပြီး စုစုပေါင်း တန်ဖိုး ၃.၇ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၅၆၄ ခန်းဝယ်ခဲ့ကြပါတယ်။

ယခုနှစ်မှာ မြန်မာဈေးကွက်ဟာ ဆက်လက်တိုးတက်လာခဲ့ပြီး ပထမလေးလပတ်မှာ အဆင့် (၂) ရောက်လာပါတယ်။ တန်ဖိုး ၂.၂ ဘီလျံဘတ်ငွေရှိတဲ့ ကွန်ဒိုပေါင်း ၃၉၂ခန်းဝယ်ခဲ့ကြပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

၂၀၂၂-၂၀၂၃မှာ မြန်မာတွေကွန်ဒိုဝယ်ကြတာဟာ နိုင်ငံခြားသားစုစုပေါင်းဝယ်ကြတာရဲ့ ၃ရာခိုင်နှုန်းနှင့် ၄ရာခိုင်နှုန်း အကြားသာရှိခဲ့ရာမှ အရေအတွက်အရေ ၁၀ရာခိုင်နှုန်းနှင့် တန်ဖိုးအရ ၁၂ ရာခိုင်နှုန်းအထိ အချိုးအစားမြင့်တက်ခဲ့ပါတယ်။

“ မြန်မာနိုင်ငံကအဝယ်တွေဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာတွေစကတည်းက တိုးလာခဲ့တာပါ။ မကြာသေးခင်က တောင်  မြန်မာတွေရဲ့ ကွန်ဒိုအဝယ်ဟာ စုစုပေါင်းရဲ့ တစ်ဝက်ရှိတယ်လို့ အချို့ ဆောက်လုပ်ရေးကုမ္ပဏီတွေကပြောကြတယ်” လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ ခေတ္တ ညွှန်ချုပ် ဗီချိုင်း ဗီရက်ကာပန်က ပြောပါတယ်။

မြန်မာတွေအကြိုက်အတွေ့ဆုံးက မဟာဘန်ကောက်ဧရိယာဖြစ်ပြီး တစ်နှစ်တစ်နှစ်မှာ မြန်မာတွေကို ကွန်ဒိုရောင်းရတာ မြင့်တက်လာပြီး ၂၀၂၄ ပထမလေးလပတ်မှာ တန်ဖိုး ၂.၁ဘီလျံဘတ်ရှိတဲ့ အခန်းပေါင်း ၃၆၆ ခန်းရောင်းရပြီး အရေအတွက် အားဖြင့် ၄၄၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။

“ မြန်မာဝယ်လက်တွေကို ပစ်မှတ်ထားနေတဲ့ ကွန်ဒိုရောင်းကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ အိမ်အရောင်းပြပွဲတွေဘက် အာရုံစူးစိုက်သင့်တယ်” လို့ မစ္စတာ ပရာဆတ်ကပြောပါတယ်။ “ သူတို့ဟာ နိုင်ငံခြားငွေအလွှဲအပြောင်းကို အချိန်ယူလုပ်  ကြရတော့ မှာမို့ အသင့်နေကွန်ဒိုတွေထက် ကြိုပွိုင့်တွေဘက် ပြောင်းသွားလိမ့်မယ်” လို့ သူကပြောပါတယ်။

“ ထိုင်းကွန်ဒိုတွေကို ဝယ်ယူရာမှာ ငွေအပြည့် မထုတ်ယူရသေးတဲ့ ကြိုပွိုင့်ဝယ်ထားသူတွေနှင့် ဝယ်လက်အသစ်တွေကို အကျိုးသက်ရောက်မှုရှိလိမ့်မယ်”လို့ မစ္စတာဒီအင်န်အေအိမ်ခြံမြေကုမ္ပဏီအကြံပေး နှင့် မန်နေးဂျင်းဒါရိုက်တာ  ဆူရာချက် ကွန်ချိက ပြောပါတယ်။

အဲဒီလိုဝယ်ထားသူတွေဟာ ပိုက်ဆံပြန်ထုတ်ဖို့ အခြားနည်းလမ်း သို့မဟုတ် လမ်းကြောင်းရှာထားဖို့လိုတယ်။ဒီလိုမလုပ် နိုင်ရင် ပြန်ညှိနှိုင်းရတာတွေနှင့် လိုအပ်ရင် ဖျက်သိမ်းရတာတွေအထိရှိလာနိုင်တယ်” လို့ မစ္စတာ ဆူရာချက်က ဆက်ပြောပါတယ်။

Source BKK Post