#Local_News
Published_08 June 2024

▪️ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးသို့ မေလတစ်လတာအတွင်း  ပြည်ပမှ ဘုရားဖူးဧည့်သည် ငါးထောင်ကျော်လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

▪️ ထိုသို့ လာရောက်ဖူးမျှော်ရာတွင်နိုင်ငံခြားခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ရက်လျှင် လူဦးရေ ၁၅ဝ ဝန်းကျင်ရှိပြီး မေလတစ်လတာအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၅,၂၉၁ ဦးလာရောက်ဖူးမြော်ကြောင်း သိရသည်။

 

▪️ အဆိုပါ ခရီးသွားဧည့်သည်များမှာ  တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ အများဆုံးလာရောက်ကြပြီး  အမေရိက၊ ဥရောပနှင့် အာဖရိကတိုက်သားများလည်း လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

 

▪️ ရွှေတိဂုံစေတီတော်ကြီးသို့ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဘုရားဖူးမြော်ချိန်ကို တိုးမြှင့်ဖွင့်လှစ်ပေးထားရာ ပြည်တွင်းဘုရားဖူးဧည့်သည်များလည်း လာရောက်ဖူးမြော်မှုများပြားနေကြောင်း သိရသည်။

 

▪️ ပြည်တွင်းဘုရားဖူးများမှာ မေလအတွင်း၌ သံဃာတော် ၇,၉၀၉ ပါး၊ သီလရှင် ၄၇,၈၆ ပါး၊ အမျိုးသား ၂၅၈,၉၇၁ ဦး၊ အမျိုးသမီး ၂၉၉,၃၈၉ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

 

▪️ ရွှေတိဂုံစေတီတော်သို့ ပုံမှန်ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် ဘုရားဖူးဦးရေ ၂ဝ,ဝဝဝ ဝန်းကျင်လာရောက်ပြီး စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် ဘုရားဖူးလာရောက်ဖူးမြော်မှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon-Times