#Local_News
Published_07 June 2024

▪️ တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  လှိုင်သာယာရှိအမှတ် (၁၄) အခြေခံပညာအထက်တန်း ကျောင်းသို့စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့သည်  ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သို့ စာရေးကိရိယာနဲ့ စားနပ်ရိက္ခာထုပ်များ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

 

▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ယနေ့ လှူဒါန်းခြင်း၏ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း၏ မူလရည်မှန်းချက်ကို ပြန်လည်အောက်မေ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်ကို လက်ဆင့်ကမ်းကာ ကျောင်းသားကျောင်းသူများ ပညာသင်ယူပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်အတွက် အကူအညီပေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။

 

▪️ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း လှိုင်သာယာမြို့နယ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ကူညီတည်ဆောက်ပေးသည့် “တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း” ၂၃ ကျောင်းအနက် တစ်ကျောင်းဖြစ်သည်ဟုဆိုသည်။ 

 

▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ၂၀၁၇ ခုနှစ်တွင် အဆိုပါကျောင်းအတွက် ၂ လွှာ စာသင်ဆောင်တစ်ဆောင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းဆောင်၏ မူလအခြေအနေကို တိုးတက်ကောင်းမွန်လာစေခဲ့ကြောင်းနှင့် ထို့နောက် တရုတ်သံရုံးက ကျောင်းဆရာ၊ ဆရာမများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန်စီစဥ်ပေးခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်‌ရောဂါကာလအတွင်း တရုတ်သံရုံးမှ အဆိုပါကျောင်းထံသို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလည်း  လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times