#Local_News
Published_06 June 2024


▪️ ရန်ကုန်ဈေးကွက်အတွင်း၌ ကွမ်းဈေးများစံချိန်တင် ဈေးမြင့်နေကြောင်း ကွမ်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

 

▪️ ထိုသို့မြင့်တက်ရာတွင် ယခင်လကထက်  တစ်ပိဿာလျှင်ကျပ်တစ်သောင်း ဝန်းကျင်အထိမြင့်တက်လာကြောင်း သိရသည်။

 

▪️ "ကွမ်းကတစ်ပိဿာသုံးသောင်းကျော်သွားပြီ၊ ကွမ်းယာဈေးကတက်မရဘူး၊ အယာလေးတော့ လျော့ရောင်းပေးရတယ်၊ တခုသက်သာသွားတာက သီရိမဂ်လာဈေးနားနီးတော့ အသိဆိုင်တွေကနေ လျော့ဈေးနဲ့ရတာလေးကံကောင်းနေတာ"ဟု သီရိမဂ်လာဈေးအနီးမှ  ကွမ်းယာရောင်းချသူတစ်ဦးက ပြောသည်။

 

▪️ ထိုသို့ လျော့ဈေးဖြင့်ရရှိသည့် ကွမ်းများမှာမူ အနာအဆာပါရှိသည့်အတွက် ပြန်လည်ရွေးယူ၍ ရောင်းချပေးနေရကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်  မေလတတိယအပတ်က မိုးသက်လေပြင်းကြောင့် ဧရာဝတီတိုင်းဘက်ရှိ ကွမ်းခြံအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် နောက်ပိုင်းတွင် ယခုကဲ့သို့  ဈေးနှုန်းများ စံချိန် တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။

 

▪️ ယခင်က ကွမ်းရွက်ဈေးနှုန်းမှာ ယခုနှစ် မေလတတိယအပတ်တွင်  တစ်ပိဿာတစ်သောင်းရှစ်ထောင်ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့‌ ကြောင်း သိရသည်။

 

#YMG / NN #Yangon-Times