#Local_News
Published_06 June 2024

▪️ ပြည်တွင်းဘဏ်များတွင်အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာ အကွယ်ပေးထား‌မည်ဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၅ ရက်၌ အသိပေးကြေညာ‌ ထားကြောင်း သိရသည်။

▪️ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဖြစ်သည့် စုဆောင်းအပ်နှံငွေ အမျိုးမျိုးလက်ခံပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အရေးကြီး ကဏ္ဍများကို ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့်  ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSME လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံတကာ ဘဏ်များနှင့်ငွေပေးချေမှုများ ဆောင်ရွကခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးနေသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။ 

▪️ ယခုအခါ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမား မီဒီယာများနှင့် အဖျက်သမားအုပ်စုများသည် Facebook Page ‌အကောင့် များဖြစ်သော Yan Paing Soe, Dean Kyneနှင့်  YouTube Channelများဖြစ်သော Yebaw Shan Lay, Big Boss,RC David,Khit Thit Mediaတို့ကနေ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့ စီးပွားရေးနှင့်ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခြင်းများ ဆောင်ရွက်နေကြောင်း၊

▪️ ယခုလို အစိုးရနှင့် အများပြည်သူ အကျိုးစီးပွားထိခိုက်စေရန် ရည်ရွယ်ပြီး မကြာခဏ ရေးသားဖြန့်ဝေနေသည့် လူမှု ကွန်ရက် စာမျက်နှာများကို  လက်ခံယုံကြည်မှု မရှိရန်နှင့်စိုးရိမ်ပူပန်စရာမလိုဘူးလို့လည်း  ဗဟိုဘဏ်မှ အသိပေးထားသည်။

#tthl #Yangon_Times