#Local_News
Published_06 June 2024

▪️ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကွမ်ရှီး (Guangxi) ဒေသ၊ နန်နင် (Nanning) မြို့တွင် အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်ထိကျင်းပသွားမည်ဖြစ်ပြီး မြန်မာကုမ္ပဏီများအတွက် ပြခန်း (၈၄)ခန်း စီစဥ်ထားမည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။ 

 

▪️ မြန်မာနိုင်ငံက “ကျက်သရေရှိသောမြို့”အကြောင်း အရာပြပွဲတွင်လည်း ပါဝင်မည်ဖြစ်သဖြင့် မြန်မာကုမ္ပဏီများ တက်တက်ကြွကြွ စာရင်းသွင်းပါဝင်ပြသရန် ဖိတ်ခေါ်သွားလိုပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ပံ့ပိုးကူညီမှုများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည် ဟုဆိုသည်။

 

▪️ တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရာတွင် အရေးပါသော ပေါင်းကူးတံတားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့် “Belt and Road” ပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်ကာ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရန် အရေးပါသော ပလက်ဖောင်းတစ်ခုပင်ဖြစ်သည်။ 

 

▪️ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မြှင့်တင်ရေးမိတ်ဆက်ရှင်းလင်းပွဲကို ဇွန်လ ၃ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အောင်မြင်စွာကျင်းပခဲ့ပြီး ရှင်းလင်းပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီကိုယ်စားလှယ်ပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူး  Ms. Wei Zhaohui က ကုန်စည်ပြပွဲ၏ သက်ဆိုင်ရာအခြေ အနေများကို မိတ်ဆက်တင်ပြခဲ့ကြောင်း သိရသည်။ 

 

#tthl #Yangon_Times