#Local_News
Published 6 June 2024


▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက်၊ တေဇာခင်ဦး(၁)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံက သိရသည်။

 

▪️ ဇွန်(၆)ရက်၊ (၀၀)နာရီ (၃၄) အချိန်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

▪️"လူနေအိမ် မီးလောင်တာ မီးကများတယ် တော်တော်ကြာကြာငြှိမ်းသတ်ရတယ်။ ဘေးကအိမ်ပါမီးကူး ကုန်တာ လူထိခိုက်တယ်တော့ မကြားမိသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

▪️ အဆိုပါမီးလောင်မှုကို အချိန် (၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရပြီး နံနက်အစောပိုင်း (၁)နာရီ (၃၆)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ မီးလောင်မှုကြောင့် ထိခိုက်ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုအကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#YMG/LW #Yangon_Times