#Local_News
Published_06 June 2024

▪️ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦး၏ဈာပနာအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတက်ရောက်ပြီး ကျန်ရစ်သူမိသားစုဝင်များကို ဝမ်းနည်းစကားဆိုပြီး နှစ်သိမ့်စကားပြောကြားခဲ့‌ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

 

▪️ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mrs. Qiao Li သည် ဇွန်လ ၅ ရက်နေ့တွင် သံရုံးကိုယ်စား မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၏ ဈာပနာအခမ်းအနားသို့တက်ရောက်၍ ၎င်း၏မိသားစုဝင်များထံ ဝမ်းနည်းကြောင်းနှင့် နှစ်သိမ့်စကားပြောကြားခဲ့သည်ဟု ဆိုသည်။

 

▪️ သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ အရေးပါနိုင်ငံရေးသမားဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်းလည်း သံရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

 

#tthl #Yangon_Times