Published 03 June 2024

မွန်ပြည်နယ်ဘီးလင်းနှင့် သထုံမြို့ကို ဆက်သွယ်ထားသည့် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရှိ မစောတံတား သံဘေလီတံတားထိုးခြင်း  ပြီးစီး၍ ကုန်တင်ယာဥ်များ စတင်ဖြတ်သန်းခွင့်ပြုလိုက်‌ ပြီဖြစ်‌‌ေကြာင်း ဒေသခံများဆီကသိရသည်။

အဆိုပါ   မစောတံတား မှာ မေလ၂၃ရက်က ဖျက်ဆီးခံရပြီး နောက် သံဘေလီတံတား အစားထိုးပြင်ဆင်မှုလုပ်ငန်းများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

" မနေ့ကညနေကစပြီးကုန်ကား‌ တွေ ဖြတ်လို့ရပါပြီ ၊ လမ်းခရီးခက်ခဲတော့အရင်လက တော်တော်ခက်ခဲတယ်ကုန်ပို့ရတာလေ၊ ကုန်တွေသယ်ရမလွယ်‌ရင် သယ်ယူစရိတ်မြင့်တာဈေးတက်တာတွေရှိလာတတ်တယ်လေ၊ "ဟု ဒေသခံတစ်ဦးက ပြောသည် ။

ယခင် မစောတံတား ပြုပြင်နေဆဲဖြစ်သောကြောင့် ယာယီလမ်းလွှဲမြေသားလမ်းမှ ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့်ယာဉ်များ တန်းစီစောင့်ဆိုင်းရ၍ခရီးလမ်းကြန့်ကြာမှုများလည်းရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်  မေ ၁၁ ရက် ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့ အစပ်ရှိ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှ  ကျုံအိတ်တံတား ဖျက်ဆီးခံခဲ့ရပြီး လတ်တလောမှာ‌တော့ ဘေလီတံတားဆောက်လုပ်ပြီးစီးနေပြီဖြစ်သောကြောင့် ကုန်တင်ကားများပါပြန်လည်ဖြတ်သန်းနေပြီဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် လမ်းပျက်ဆီးမှုများနှင့် လမ်းခရီးကြန့်ကြာမှုများလည်း များစွာရှိခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 03 June 2024
#YMG #Yangon_Times #Yangon_Media_Group