၂ ဇွန် ၂၀၂၄

ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိတဲ့ တရားမဝင်ရွှေပွဲစားများ အပါအဝင် စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးထားပြီး နာမည်ကြီးရွှေဆိုင်အချို့နှင့် ရွှေသန့်စင်လုပ်ငန်းအချိုမှ တာဝန်ရှိသူ ၁၀ ဦးသည် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှသတင်းထုတ်ပြန်ပါတယ်၊

ထွက်ပြေးတိမ်းရှောင်နေသူတွေက စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူ ဝင်း၊ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်း ဝင်း၊ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ ပွဲစားတွေဖြစ်ကြတဲ့ ဦးကျော်ဝင်း(ခ)ပန်းသီး၊ ဦးညီညီဦး(ခ)ချက်ကြီးနှင့် ဒေါ်တင်တင်ခိုင်(ခ) စန္ဒာတင်တို့ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ တရားခံ ၁၀ ဦးကို  ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိတာလို့သိရပါတယ်။

အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုသူတွေဟာ ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်သည့် လေပတ်ကား ရွှေဈေးနှုန်းများ ကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်  ဖြစ်စေရန် ဆောင်ရွက်လျက်ရှိတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

@ymg/knl