Published 2June 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၊ ၈၁×၈၂လမ်းကြား ၃၂×၃၃လမ်းကြားရှိ လျှပ်စစ်နှင့် မီးဖိုချောင်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင် တွင် ပြီးခဲ့သည့် မေလ (၃၁)ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများထဲမှ ၂ဦးသေဆုံးခဲ့ကြောင်း မီးသတ်တဖွဲ့နှင့်ဒေသခံများထံက သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ဦးခန့်ရှိပြီး စိုးရိမ်ရာအခြေနေမှာ၅ဦးခန့်ရှိကြောင်းသိရသည်။
""ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရအခြေနေ ငါးဦးရှိတယ် အဲ့ဖြစ်တဲ့နေ့ ညနေမှာ တစ်ယောက်ဆုံးတယ် မနေ့က တစ်ယောက်ဆုံးတယ် သေဆုံးသူတွေက အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ကျန်တဲ့ဒဏ်ရာ ရသူတွေကတော့ ဆေးရုံမှာဆေးကုသနေရဆဲပဲ""ဟု‌ဒေသခံတစ်ဦးကပြောသည်။

ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရသူများနှင့်သေဆုံးသူများကိုမန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့်အလှူရှင်များက စုစုပေါင်းငွေကျပ် ၁၀၅သိန်း ကိုထောက်ပံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Photo-Than Htay FB
Yangon Times/LW
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group