Published 2 June 2024
 
   ဆီထွက်သီးနှံဇုန်များနှင့်ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူ များအနေဖြင့် မိမိတို့ စိုက်ခင်းတွင် ၀တ်မှုကူးရန် အတွက် ပျားအုံထားရှိလိုအပ်ပါက ပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲ မှသိရသည်။
 
 ဆီထွက်သီးနှံ များ ဖြစ်သည့် နေကြာနှင့်နှမ်းတို့ စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတတ်စေရန် အတွက် ၀တ်မှုန်ကူးခြင်း လုပ်ငန်း ကို ဆောင်ရွက်ရကြောင်း သိရသည်။
 
'' ပျားဆိုတာက စိုက်ပျိုးရေးရဲ့မိတ်ဆွေပဲ ဘာလို့ဆိုရင် ပန်းပွင့်ဝတ်မှုန်ကူးခြင်းဆိုတာ  အင်းဆက်တွေ နဲ့ ၀တ်မှုန် ကူးမှ အစေ့အဆံအောင်မြင်တာ  နေကြာ လိုသီးနှံ၊နှမ်းလိုသီးနှံ တွေမှာ မရှိလို့ မဖြစ်တာမျိုးပါ။ စိုက်ပျိုးရေး ကဏ္ဍမှာ  တကယ်တမ်းစိုက်တဲ့ အပင် မှန်သမျှ ရှိရင် ပိုကောင်းတာပဲနေကြာလိုသီးနှံ ကတော့ အထူးပြုပြီးလိုအပ်တာပေါ့။
 
ဒါကြောင့် စိုက်ပျိုးတဲ့ သူတွေ အနေနဲ့  မိမိေဒသမှာ နေကြာစိုက်ခင်းတွေ၊နှမ်းစိုက်ခင်းတွေ ရှိရင် ပျားအုံတွေ ရောက်ရှိခြင်း မရှိသေးရင် ဆရာတို့ဌာန ကို ပျားအုံတွေ လာရောက် ချထား နိုင်ဖို့ သတင်းပေး ပြီး ၀ိုင်းဝန်းဆောင်ရွက်နိုင်ပါတယ် ''ဟုပျားမွေးမြူမှုဖွံဖြိုးရေးဌာနခွဲ မှ တာဝန်ရှိသူက ပြောသည်။
 
   လက်ရှိတွင် ကိုယ်တိုင်စိုက်ပျိုးရေး ပြုလုပ်ပြီး ပျားမွေးမြူရေး ကို ပါ တွဲဖက် လုပ်သည့် တောင်သူများ လည်း ရှိလာ ပြီ ဖြစ်ကြောင်း သိရသည်။
 
 မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ မှ ဇီးပျားရည်၊နှမ်းပျားရည်။နေကြာပျားရည်၊ပန်းပေါင်းစုံ ပျားရည်တို့ ကို ထိုင်းနိုင်ငံ၊ကိုရီးယားနိုင်ငံနှင့်တရုတ်နိုင်ငံ များကို အများဆုံးတင်ပို့ကြောင်း သိရသည်။
Yangon Times/LW
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group