Publicshed 1 June 2024

ဧရာဝတီတိုင်းဒေသကြီး၌ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၅,၀၀၀ ကျော်ရှိပြီး  အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်းများမှာအများဆုံးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည် ။

အဆိုပါ တိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်စဧပြီလ၌  ပုဂ္ဂလိကစက်မှုလုပ်ငန်းသစ် ၂၀ ကိုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီးလက်ရှိတွင် တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စုစုပေါင်းစက်မှုလုပ်ငန်း ပေါင်း၅,၅၆၅ ခုရှိနေကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများအနက် ပထမအများဆုံးအဖြစ် အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၃,၅၇၆ ခု ၊ ဒုတိယအများဆုံးအဖြစ် အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း ၁,၂၄၂ ခုနှင့်  အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၄၇ ခု တို့မှာ လုပ်ငန်းများလုပ်ကိုင်နေကြောင်းသိရသည်။

၎င်းလုပ်ငန်းများမှာ မအူပင်စက်မှုဇုန်၊ ပုသိမ်စက်မှုဇုန် စသည့် စက်မှုဇုန်များဖြင့်လည်းစက်မှုလက်မှုလုပ်ငန်းများကိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် နေကြောင်း၊အချို့သောစက်မှုလုပ်ငန်းများမှာစက်မှုဇုန်ဧရိယာများတွင် ရှိသလိုအချို့မှာ စက်မှုဇုန်ဧရိယာပြင်ပတွင် လုပ်ကိုင်နေသည်များလည်းရှိကြောင်းသိရသည်။

အဆိုပါ စက်မှုလုပ်ငန်းများအတွက် စနစ်တကျရှိစေရေးနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ဌာနမှ လုပ်ငန်းမှတ်ပုံတင်များဆောင်ရွက်ပေးနေကြောင်း  သိရသည် ။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group