31 May 2024

နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် တရုတ်ယွမ် (၅) သန်းထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေလ(၃၁)ရက်၌ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မေလ(၂၀)ရက်၌လည်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးခဲ့သေးသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် (၉-၅-၂၀၂၄) ရက်နေ့တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးကြောင်းနှင့်

 (၇-၅-၂၀၂၄) ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၂.၅ သန်း၊

 (၂-၅-၂၀၂၄) ရက်နေ့၊ နိုင်ငံခြားငွေကြေးဈေး ကွက် တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် တရုတ်ယွမ် ၅ သန်း နှင့်ထိုင်းဘတ် သန်း ၃၀ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ရောင်းချပေးနေပြီးနိုင်ငံခြားငွေပမာဏ ဒေါ်လာ (၃၁) သန်း၊ တရုတ်ယွမ် (၃၁. ၅) သန်းနှင့် ထိုင်းဘတ် (၁၉၆) သန်းခန့် ‌ရောင်းချပေးထားပြီးဖြစ်ကြောင်း  သိရသည်။
Yangon_Times/tthl
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group