Published 31 May 2024

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၁x၈၂)နှင့် (၃၁x၃၃)ကြားတွင် မီးလောင်မှုဖြစ်ပွားကာ လူထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံများ ထံ က သိရသည်။

မေလ ၃၁ရက် မနက် ၉နာရီ ၄၀မိနစ်က စတင်ခဲ့ပြီး Level 2 ယာဉ်အုပ်စု ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၂၀မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

'"နေအိမ် မှာ လောင်တာ ဂတ်စ်အိုးပေါက်တာကနေ လောင်တယ်လို့ သိရတယ် လူထိခိုက်ဒဏ်ရာ ရတာတွေရှိတယ် အရေပြားတွေ မီးလောင်ခံရတာ အခြား ထိခိုက်ဒဏ်ရာရတာရှိတယ် သေဆုံးတာတော့ မရှိဘူး''ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၄ဦး ခန့် မီးလောင်ဒဏ်ရာအချို့ ရရှိခဲ့ကြပြီး လူမှုကူညီရေးအသင်းများက မြေပြင်ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်းသိရသည်။

လက်ရှိတွင် မီးလောင်သည့် အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 31 May 2024
#YMG #Yangon_Times #Yangon_Media_Group