Published 30 May 2024

လာမည့်ဇွန်လတွင် ပြည်တွင်းသို့  နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း (၅၀) ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ရာယနှစ်ဝက်အတွင်း သင်္ဘောအစင်း၃၀၀ကျော်အထိ ဆိုက်ကပ်မည်ဖြစ်ကြောင်း

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။၂၀၂၄ခုနှစအတွင်း လအလိုက် ကုန်သေတ္တာတင်ယာဉ်များ ဝင်ရောက်ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၄၉) စင်း၊ ဖေဖော်ဝါရီလတွင် (၅၃) စင်း ၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင်လည်း (၅၀) စင်း၊ မေလတွင် (၅၂) စင်းဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှမေလအထိ ငါးလတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၂၅၉) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်ရာ   ဇွန်လတွင်းအစင်းရေ၅၀ဆိုက်ကပ်ပါက ခြောက်လတာအတွင်း
အစင်းရေ ၃၀၉စင်းအထိဆိုက်ကပ်သွားမည်ဖြစ်သည်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော (၆၄၇) စင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော (၆၄၅) စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း ၊ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 30 May 2024
#YMG #Yangon_Times #Yangon_Media_Group