Published_ 29 May 2024

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါရှိ သက်တော်ရှည် မဟာဝိဇိတာရုံ ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိ က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစာရိန္ဒာ ဘိဝံသ ၊ ဆရာတော်ကြီး နှင့်နိုင်ငံ တော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အား နစက ဥက္ကဌ က ယနေ့ မေလ ၂၉ ရက် တွင် သွား ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ကျန်းမာ ရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လို အပ်သည်များကိုဖြည့်ဆည်းဆောင် ရွက် ပေးရန်၊ ကိုယ်ခံစွမ်း အား ရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် လုပ်ဆောင်နိုင်သည့် ကိုယ်လက်လှုပ် ရှားမှု လေ့ကျင့်ခန်း များလုပ်ဆောင်နိုင်ရေး တို့အတွက်ဆောင်ရွက်ပေးရန်၊ ဆရာတော်ကြီး၏ ကျန်း မာရေးအ ခြေအနေ သက်သာလာကာ ကျောင်းတိုက်၌ ပြန်လည်သီတင်းသုံးရာ တွင် အဆင်ပြေချောမွေ့စေရေး ကျန်းမာ ရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် တို့ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား အားပေးစကား ပြောကြား၍ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေတပ် ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

နစက ဥက္ကဌ၏ အဆိုပါ ခရီးစဉ်အတွင်း တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိက အရာ ရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သေးကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 30 May 2024
#Yangon_Times #YMG_News #Yangon_Media_Group