Published_ 29 May 2024

ချင်းတွင်းမြစ်ရေသည် မေလ(၂၉)ရက်မှ နောက်(၁)ရက် ဟုမ္မလင်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားသည်။

လက်ရှိ မေလ(၂၉)ရက်တိုင်းတာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် (၉)ပေခန့်တွင်ရောက်ရှိနေပြီး နောက်(၁)ရက် မေလ(၃၀)ရက်တွင် ဟုမ္မလင်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်နိုင်သည်ဟုဆိုသည်။

သို့ဖြစ်၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် သတိပေးထားကြောင်းသိရသည်။

ဇွန်လထဲတွင် ဧရာဝတီမြစ်ရေရောချင်းတွင်းမြစ်ရေပါ လက်ရှိရေအမှတ်များမှ (၆)ပေမှ(၁၃)ပေခွဲအထိ မြင့်တက်လာနိုင်သဖြင့်အထူးသတိထားရန်လည်း သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group