Publicshed 29 May 2024

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် မဟာတေဇမုနိစေတီတော်အတွင်း ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းများ ၉၅ရာခိုင်နှုန်းအထိပြီးစီး ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဆိုပါ  မဟာတေဇမုနိ စေတီတော်အတွင်း ကမ်းထိန်း လုပ်ငန်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်  မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက် နေခြင်းဖြစ်သည်။

မဟာတေဇမုနိပင်မစေ‌တီတော်အနီး ကမ်းပြိုခြင်းအား ဘိုးပိုင်အခြေ ပြု သံကူကွန်ကရစ် မြေထိန်းနံရံ အလျား ၂၀၀ ပေ တည်ဆောက် ခြင်း၊ ရင်ပြင်တော်အလျား ၁၄၀ ပေ၊ အကျယ် ၂၈ ပေ ချဲ့ခြင်းလုပ်ငန်း ခြင်း ၊ နဂါးရုံဘုရားအနီးတွင် အလျား ၁၅၄ ပေ၊ အနံ ၃၂ ပေ  ရှိ ရင်ပြင်တော်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း ၊ အရိပ်ရပင်  စိုက်ပျိုးခြင်း၊ အမြင့်ဆုံးဒီရေ တက်လာချိန်တွင်လည်း‌ အပေါ် သို့ ဒီရေမတက်နိုင် စေရန်  ဆောင်ရွက်ထား ခြင်းများပြုလုပ်လျှက်ရှိရာလတ်တလောတွင် ယင်း လုပ်ငန်းများအားလုံး ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group