Published_ 29 May 2024

အာဆီယံကော်မတီ(ဆိုးလ်)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၈ ရက်နေ့တွင် ဆိုးလ်မြို့၌ ပြုလုပ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn နှင့် အာဆီယံ ကော်မတီ(ဆိုးလ်)မှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံဒေသတွင်း လတ်တလော တိုးတက် ဖြစ်ထွန်းမှုများနှင့် အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြားတည်ရှိသည့် ဆက်ဆံရေး အခြေအနေများကိုဆွေးနွေးခဲ့ပြီး အာဆီယံသံရုံး အကြီးအကဲများက ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဆီယံဉက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun ၏ အလုပ်သဘော ခရီးစဉ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅) ချက်အား အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်မှုအကြောင်း ဆွေးနွေးခဲ့ပါတယ်။

ထို့ပြင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယခုနှစ်အတွင်း အာဆီယံနှင့်ကိုရီးယားနိုင်ငံတို့အကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မည့်ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ တယ်လို့ သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group