28 May 2024

ထိုင်း-မြန်မာ-လာအို နယ်စပ်ထိစပ်ရာဒေသ ရွှေတြိဂံရေပြင်သို့ သွားရောက်ကာ လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုအခြေအနေကိုမြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန စသည့်ဌာနဆိုင်ရာအရာရှိများနှင့်အတူ သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့တို့ကြည့်ရူ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့မှ မဲခေါင်မြစ် နိုင်ငံဖြတ်ကျော်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအား သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် မေလ ၂၅ ရက်နေ့တွင် မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်ရှိ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ သွားရောက်လေ့လာခဲ့သည်ဟုဆိုသည်။

 မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန စသည့်ဌာနဆိုင်ရာအရာရှိများနှင့်အတူ သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ထားသည့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ရှမ်းပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့(ခွဲ) ဝမ်ပုံ စခန်း အဆောက်အအုံအား သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံမှလှူဒါန်းထားသည့် ရေပေါ်ကင်းလှည့်ရေယာဉ်ဖြင့် ထိုင်း-မြန်မာ-လာအို နယ်စပ်ထိစပ်ရာဒေသ ရွှေတြိဂံရေပြင်သို့ သွားရောက်ကာ လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့ကြခဲ့သည့်အပြင် တရုတ်နိုင်ငံဘက်မှအခြေစိုက်သော ရဲတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံအားပေးခဲ့ကြ ကြောင်း သိရသည်။  

သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာဘက်တို့က ကင်းလှည့်ရေးယန္တရားကို ကောင်းမွန်စွာ အသုံးပြု၍ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ပြီး အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်နက်ရှိုင်းစေရေးနှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေးအတွက် ရပ်တည်ချက်နှင့် လှုပ်ရှားမှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group